လွိုင်ကော်မြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Activities in Loikaw Completed 100 Percent

Kayah, 24 September 2020, Ministry of Information

လွိုင်ကော် စက်တင်ဘာ ၂၄

ကယားပြည်နယ်၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် Cash For Work စီမံကိန်းဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ (၂၅)ရွာ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း (၂၅) ရွာတို့၌ ဆောင်ရွက်လျက်ရှိသည့် အမာခံလမ်း၊ ရေပြွန်တံတား၊ ရေနှုတ်မြောင်း တူးဖော်ကျောက်စီခြင်း ၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနှုတ်မြောင်း ပြန်လည်တူးဖော်ခြင်း ၊ ကျေးရွာခန်းမဆောင် ခြံစည်းရိုး ကာရံခြင်းနှင့် စာကြည့်တိုက် မြေထိန်း နံရံကာရံခြင်းစသည့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သောကြောင့် လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အိအိခင်နှင့် စီမံကိန်းတာဝန်ခံတို့ကလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးနှင့် စီမံကိန်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12716