ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ၌ ကျေးရွာအဝင်လမ်း ပြင်ဆင်တိုးချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းခြင်း လုပ်ငန်းပြီးစီး

Village Street Upgrading Activities in Manbain Village of Kutkai Completed

Shan, 23 September 2020, Myanmar Digital News

ကွတ်ခိုင် ၂၃ စက်တင်ဘာ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများ အတွက် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ တုံ့ပြန် ဆောင်ရွက်သည့် အနေဖြင့် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပန်ကူကျေးရွာအုပ်စု၊ မန်ပိန်းကျေးရွာ၌ ကျေးရွာအဝင် လမ်း ပြင်ဆင် တိုးချဲ့ခြင်းနှင့် ကျောက်ရောမြေခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

အဆိုပါ မန်ပိန်းကျေးရွာ၌ ကျေးရွာ အဝင်လမ်း ပြင်ဆင်တိုးချဲ့ခြင်းနှင့် ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းကို အလျားပေ ၂၃၀ဝ ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးပေး၍ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးကပြောသည်။

Cash for Work စီမံကိန်းသည် ကျေးရွာမှာရှိတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်း လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်တဲ့ အခါ တစ်နေ့လျှင် လုပ်အားခ အဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀ဝ ကနေ ၆၀ဝ၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာ အဝင်လမ်းသည် ကျေးရွာရှိ အိမ်ခြေ(၅၂)အိမ်၊ လူဦးရေ(၂၉၆)ဦး တို့အတွက် အကျိုးပြုလျက် ရှိကြောင်း သိရသည်။

စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/kttkhiungmiuny-mnpinkeraan-keraaawnglmpngchngttiukhaikhngnng-keaakreaamekhngkhng-lupngnpiicii