ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာတွင် Cash for Work စီမံကိန်းမိတ်ဆက်ပြီး ကျေးရွာကော်မတီများဖွဲ့စည်း

ငဖဲ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာဓမ္မာရုံနှင့် ဇင်ပြွန်းကျေးရွာဓမ္မာရုံတို့၌ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

ငဖဲမြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူက အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင် နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်း တို့က စီမံကိန်းထောက်ပံ့ငွေရရှိသည့် ကျေးရွာများအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး မိမိတို့ကိုယ်တိုင် ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဝေလင်းမောင် က Cash For Workစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ကော်မတီဝင်များ လုပ်ဆောင်ရမည့် လုပ်ငန်းများ နှင့်စီမံကိန်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက တစ်ရွာလျင် ကျေးရွာ ကော်မတီဝင် (၇)ဦးကို မဲစနစ်ဖြင့်ရွေးချယ် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျေးလက်ဒေသများရှိပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေထောက်ပံ့ပေးခြင်း အား ဖြင့် ကျေးလက်နေပြည်သူများဝင်ငွေရရှိ စေရန် ရည်ရွယ် ဆောင်ရွက်ကြောင်းနှင့် Cash For Workစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် ကျောင်းကုန်း၊ ဆားပေါက်၊ ကျွဲတလင်း၊ စွန်တက်၊ဂုတ်ကြီး၊ မရိုးကန် နှင့်ကျောက်ဆုံကျေးရွာ (၇)ရွာတွင် ဇူလိုင်လ မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/14/07/2020/id-23798