Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း VRFP ဆောင်ရွက်ခွင့်ရကျေးရွာများကို မိတ်ဆက်ရှင်းလင်း

မင်းလှ(အောက်) ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ Cash For Work စီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဆောင်ရွက်ခွင့် ရကျေးရွာများ မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှ‌ခေးက “ကို ဗစ်-၁၉ ကြောင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေး ထိခိုက်မှုများကို တုန့်ပြန်ဆောင်ရွက်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ဝင်ငွေနည်းပါးသော ကျေးလက်နေပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိစေရန်၊ လမ်းတံတားနှင့်

အ ခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Cash For Work စီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အသေးစားစီးပွားရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ရေးနှင့် တိုးချဲ့ဆောင်နိုင်ရေးကို ရည်ရွယ်၍ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP)ကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်းမိတ်ဆက်ရှင်းလင်းပြောကြားသည်။

ထို့နောက် စီမံကိန်းဆောင်ရွက်ခွင့်ရကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ တာဝန်ခံများမှ စီမံကိန်းအကြောင်းသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်အတွက်Cash For Work စီမံကိန်းကျေးရွာ (၉) ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာ (၈) ရွာရွေးချယ်ထားပြီး ကျေးရွာများ၌ ကော်မတီများဖွဲ့စည်းပြီး စီမံကိန်းလုပ်ငန်းများကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)

The Ministry of Information