ကနီ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ လွဲပြောင်းပေးအပ်

စစ်ကိုင်းတိုင်း ဒေသကြီး ကနီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ စီမံကိန်း လုပ်ငန်းခွဲတွေ လွဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက အမှာ စကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မိုးမြင့်က စီမံကိန်း လုပ်ငန်းခွဲတွေ လွဲပြောင်းပေးအပ် တာနဲ့ ပတ်သတ်လို့ ရှင်းလင်း ပြောကြားပါတယ်။

အဲဒီနောက် တာဝန်ရှိသူတွေက လူထု ဗဟိုပြု စီမံကိန်းကနေ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို နှစ်အလိုက် သက်ဆိုင်ရာ ဌာနတွေကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ကနီမြို့နယ် လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က စပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ ပထမနှစ် စီမံကိန်း စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၆၁ ခုရှိတဲ့ထဲက ပညာရေးနဲ့ ပတ်သတ်တဲ့ အခြေခံ အဆောက်အဦး ၂၂ ခု၊ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အခြေခံ အဆောက်အဦး ၂ ခု ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယနှစ် စီမံကိန်း စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၄၁ ခု ရှိတဲ့ထဲက ပညာရေးနဲ့ ပတ်တ်တဲ့ အခြေခံ အဆောက်အဦး ၂၁ ခု၊ ပညာရေးနဲ့ ပတ်သတ်တဲ့ အခြေခံ အဆောက်အဦး ၂ ခု ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဆလိုင်း (ကနီ)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank