ကျုံပျော်မြို့နယ် သန်လျှက်စွန်း ကျေးရွာ Cash for Work စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

ကိုဗစ်ကာလ စီးပွား‌ရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan 2.1.7 (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အဆိုပါ စီမံကိန်းနဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ် ခရိုင် ကျုံပျော်မြို့နယ်၊ သန်လျှက်စွန်း ကျေးရွာ အုပ်စု သန်လျှက်စွန်း ကျေးရွာမှာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း မြေရော ကျောက် ခင်းခြင်း လုပ်ငန်း၊ ရေမြောင်းတူးခြင်းနဲ့ ကွန်ကရစ် ရေပြွန်ထည့်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို သတ်မှတ် အတိုင်းအတာ သိပ်သည်းမှု ရှိမရှိ စစ်ဆေးပြီး၊ လုပ်ငန်းများ အမြန် ပြီးစီးနိုင်ရေးအတွက် ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဦးအောင်မျိုးထက်နဲ့ အဖွဲ့ဝင်များ၊ ကျေးရွာ ကော်မတီဝင်များက ဩဂုတ်လ ၂၄ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

သတင်း - ရည်ရည်မြ (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage