စေတုတ္တရာမြို့နယ်ရှိ Cash for Work စီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း Cash for Work စီမံကိန်းနဲ့ ဝန်လိုကျေးရွာမှာ မြေသားရေကန် ပြုပြင်ခြင်း၊ ရေနုတ် မြောင်းတူးဖော် ခြင်းနဲ့ ခဲပြစ် ကျေးရွာမှာ ကျေးရွာတွင်း လမ်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဩဂုတ်လ ၂၉ ရက်နေ့ မနက်က မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးမြင့်သိန်းက စေတုတ္တရာ မြို့နယ် မြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်း၊ ကျေးရွာ ကော်မတီဝင်များနဲ့ အတူ ကွင်းဆင်း စစ်ဆေးခြင်း၊ သတ်မှတ်အတိုင်းအတာ ပြည့်မှီခြင်း ရှိမရှိ တိုင်းတာခြင်း၊ စီမံကိန်း လုပ်ငန်း တာဝန်ခံ အငယ်တန်း အင်္ဂျင်နီယာ (၂) ဦးအောင်ကိုလင်းက လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနဲ့ စပ်လျဉ်းပြီး၊ ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဆိုပါလုပ်ငန်းတွေကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီကို အသုံးပြုပြီး၊ ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် ဝင်ငွေ ရရှိစေရန် ရည်ရွယ်ပြီး၊ လုပ်အားခ ပေးချေခြင်း စနစ်နဲ့ ကျေးရွာတွင်း ပြည်သူများရဲ့ လုပ်အားဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ စေတုတ္တရာမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၈ ရွာမှာ ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ မြေသားရေကန် ပြုပြင်တူးဖော်ခြင်း၊ ရေကာတန်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit - SkyNet Media Coverage