ပေါက်မြို့နယ်တွင် Cash For Work စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၈)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပေါက် စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကိုဗစ် ၁၉ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၈)ရွာတွင် စီမံကိန်း လုပ်ငန်းခွဲများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ရာ သြဂုတ်၃၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Cash for Work စီမံကိန်းသည် ကျေးရွာများ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်နေ ပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းဖြင့် ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အဦ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း၁၀၀ ပံ့ပိုးဆောင်ရွက် ခဲ့ရာ ပေါက်မြို့နယ်တွင် ကျေးရွာ ၈ ရွာ၌ လုပ်ငန်းခွဲ (၈) ခု အကောင်အထည်ဖော် ဆောင်ရွက်မှုရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ၊ ပေါက်မြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၈)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ရာ အဆိုပါ ကျေးရွာများ၏ လုပ်ငန်းပြီးစီးမှု အခြေအနေများကို ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူ များက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချက် စံချိန်းစံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/8219