ဂန့်ဂေါမြို့နယ် မိုးစိုရွာသစ်တွင် Cash for Work စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အား ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မိုးစိုရွာသစ်၌ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးနှင့် တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနှင့် အတူ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အရှည်ပေ(၂၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် အရှည်ပေ(၁၄၄၂၄)ပေ၊ အနက် (၂)ပေ၊ အကျယ်(၁ ပေ ၆ လက်မ) ဖြင့် ရေနုတ်မြောင်းတူး ဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ ပြီးစီးရန် ဆွေးနွေး မှာကြား ခဲ့သည်။

အဆိုပါကျေးရွာတွင် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ သိန်း(၁၀၀)ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ အကူအညီရယူ၍ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး လုပ်အားခချက်ခြင်း ပေးချေစနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေမှာ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သင်းသင်းငြိမ်းထံမှ သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/7634