ပေါက်မြို့နယ် ကြက်ဆူအိုင့်ကျေးရွာ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲနဲ့ လူထု စစ်တမ်းကောက်ယူမှု ပြုလုပ်

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ပေါက်မြို့နယ် သရက္ကန်အုပ်စု၊ ကြက်ဆူအိုင့်ကျေးရွာ စာသင်ကျောင်းဆောင် တိုးချဲ့ဆောက်လုပ်ပြီးစီးမှု ဖွင့်ပွဲကို အဲဒီ ကျောင်းရှေ့မှာ ဩဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ရာ လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမ‌ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းမှ စီမံကိန်း ပြီးစီးပြီး နောက်ပိုင်း ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်တွေကို ဆွေးနွေး ပြောကြားတာ နည်ပညာအကြံ‌ပေး ဝယ်ယူရေး တာဝန်ခံ ဦးတင်ထူးအောင်က ဝယ်ယူရေး လုပ်ထုံးလုပ်နည်းတွေ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားတာ၊ စောင်ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးသက်လှိုင်စိုးက စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဆင့်တိုင်းကို စောင်ကြည့်ရမှာ ဖြစ်ကြောင်း၊ ကျေးရွာတာဝန်ခံနဲ့ ကျောင်းအုပ်ဆရာမကြီးတို့က ကျေးဇူးတင်စကားများ ပြောကြားကြပါတယ်။

အဲဒီနောက် ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူတာကိ ကျေးရွာအတွင်းမှာ လှည့်လည် ဆောင်ရွက်ခဲ့ကြပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage