ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း တွန်းဇံမြို့နယ်မှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူချုပ် ဦးမောင်ဝင်း၊ ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကြည်စောနှင့် တာဝန်ရှိသူများအဖွဲ့ဟာ ချင်းပြည်နယ်၊ ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ တာဝန် ထမ်းဆောင်လျက်ရှိတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ၊ လူထုဗဟိုပြု စီမံကိန်းက ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့မှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းဝေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ဝင်းက ယခုလို ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်တဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတော်ရဲ့ ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာက ကိုဗစ်ကာလ အရေးပေါ် တုံပြန်ရေး အစီအစဉ် အဖြစ် Cash For Work/ VRFP စီမံကိန်းများကို ပြည်နယ်နှင့်တိုင်း ၁၇ခုမှာ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ တွန်းဇံမြို့နယ် အပါအဝင် ဖြစ်ပါကြောင်း စီမံကိန်း လုပ်ငန်းများ ရေရှည် တည်တံ့နိုင်ရန် လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်တွေ ပြုလုပ်သွားကြဖို့ ရှင်းလင်း လမ်းညွှန်ခဲ့ပါတယ်။

ဆက်လက်ပြီး တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမန်နှင့် ဝန်ထမ်းတွေက စီမံကိန်းအကောင်ထည်ဖော်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေကို တင်ပြကြရာ ဒုတိယ ညွှန်ကြားရေးမှုးချုပ်၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူတွေက ညှိနှိုင်း ဆွေးနွေး အကြံပြု ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)