ဘုတလင်မြို့နယ်၊ အောင်သာကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်

ဘုတလင် ဩဂုတ် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အောင်သာကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဘုတလင်မြို့နယ်၊ အောင်သာကျေးရွာတွင် ကိုဗစ်ကာလ ကျေးလက်နေပြည်သူများ ဝင်ငွေ ရရှိရေး အတွက် Cash for Work စီမံကိန်းဖြင့် လမ်းအရှည် (၄၆၀၀) ပေ၊ အကျယ်(၁၂)ပေရှိ ကျေးရွာတွင်း ဂျင်းလမ်း ခင်းခြင်း လုပ်ငန်းကို ကျေးရွာ ပြည်သူ(၆၈)ဦး၏ လုပ်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်းမှာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး လမ်းအနား များ အချော သတ်ရန်သာကျန်ရှိကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာပြည်သူများအတွက် တစ်ဦးလျှင် တစ်ရက်ကို လုပ်အားခ ငွေကျပ် ၆၀၀၀ နှုန်း သတ်မှတ်ထုတ်ပေးကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

 

ဖိုးခါး(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5868