ထီးလင်း မြို့နယ် ရင်ရောင်းကျေးရွာ ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရင်ရောင်းကျေးရွာအုပ်စု ရင်ရောင်းကျေးရွာမှာ ကျေးရွာ လူထု ကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ထားတဲ့ ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို ကျေးရွာ တာဝန်ခံ လက်ထောက် နည်းပညာမှူး ဒေါ်ဝင်းဝင်းရွှေနဲ့ လူထု စည်းရုံးရေးမှူး ဦးအောင်မြတ်စိုးတို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

အဲဒီ ကျေးရွာရဲ့ မီးလင်းရေးလုပ်ငန်းကို မီးတိုင်ကျင်း တူးခြင်း၊ Footing လောင်းခြင်း လုပ်ငန်းတွေကို ကျေးရွာလူထု ကိုယ်တိုင် မီးတိုင်ထူခြင်း၊ ARM တပ်ဆင်ခြင်း၊ Distribution Box တပ်ဆင်ခြင်း၊ ကြွေသီး၊ မီးလုံး၊ မီးသီး တပ်ဆင်ခြင်းကို ကုမ္ပဏီက အကောင်အထည်ဖော် ဇူလိုင်လ တတိယ ပတ်အတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

လူထု ဗဟိုပြု စီမံကိန်းဟာ ထီးလင်း မြို့နယ်မှာ ကျေးရွာ ၉၃ ရွာမှာ ကျေးရွာ မီးလင်းရေး လုပ်ငန်း ၅၁ ခု အကောင်အထည် ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank