စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် CERP လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ကာလ စီးပွားရေး ထိခိုက်မှု ကုစားမှု အစီအစဉ် CERP အရ လုပ်ငန်းများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်း မြို့နယ် ထင်းပုံဆိပ် ကျေးရွာ နှင့် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲ မြို့နယ် ညောင်ပင်တန်း ကျေးရွာ တို့တွင် Cash for Work လုပ်ငန်းများ အကောင်အထည်ဖော် နေမှုများအား ကြည့်ရှု့ စစ်ဆေးအားပေးရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းများ အကြောင်း ရှင်းလင်း တင်ပြကြပါတယ်။

ပြည်ထောင်စု ဝန်ကြီးနဲ့ အဖွဲ့ဟာ လမ်း၊ တံတား၊ မြောင်းစတဲ့ ကျေးရွာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ကျေးရွာသူ ကျေးရွာသားများနဲ့ တွေ့ဆုံပြီး၊ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားတဲ့ စီးပွားရေး အကြပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက် ဖြစ်တဲ့ ကိုဗစ် -၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်အရ ဝင်ငွေ ရရှိစေမယ့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း လုပ်ငန်းတစ်ခုဖြစ်တဲ့ Cash for Work စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးမှာ ကျေးရွာ ၁၁၀ မှာ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ကျေးရွာ ၂၅၀ မှာလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အနေနဲ့ ကျပ် သန်းပေါင်း ၂၅,၀၀၀ သုံးစွဲပြီး ကျေးရွာပေါင်း ၂၄၈၈ ရွာ မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://youtu.be/t6aIKh3oJrg

https://www.mrtv.gov.mm/mm/news-85230