ကနီ မြို့နယ်မှာ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ပို့စတာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

စစ်ကိုင်းတိုင်း ဒေသကြီး ကနီ မြို့နယ်မှာ ကျေးရွာတွေ အရောက် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ပို့စတာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာကို မကြာခင်က ပြုလုပ်ခဲ့တယ်လို့ ကနီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဘိုဆန်းက ပြောကြားပါတယ်။

 

Unicef က ပံ့ပိုးလှူ ဒါန်းတဲ့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ပို့စတာနဲ့ လက်ကမ်းစာစောင်တွေ ကို ကနီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းတွေဟာ မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာ အုပ်စု အုပ်စု ကျေးရွာပေါင်း ၁၈၇ ရွာကို သွားရောက် ပေးအပ်ခဲ့ရာမှာ သက်ဆိုင်ရာ ကျေးရွာအုပ်စု ကိုယ်စားလှယ်တွေက လက်ခံ ရယူ ကြပါတယ်။

 

အဲဒီ အသိပညာပေး ပိုစတာနဲ့ လက်ကမ်းစာစောင်တွေကို ကျေးရွာနေ ပြည်သူတွေ ကြည့်ရှု့လိုက်နာဖို့ အတွက် ကျေးရွာအတွင်းမှာ ရှိတဲ့ လူစည်ကားတဲ့ နေရာတွေမှာ ပြသ ထားတယ်လို့ ၎င်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank, #Unicef