ဇလွန်မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဇလွန် သြဂုတ် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇလွန်မြို့နယ် အတွင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

စစ်ဆေးသည့်လုပ်ငန်းများမှာ Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ဆင်ကုန်းကြီး ကျေးရွာ မြေသားလမ်း ခင်းခြင်း (၆၀၀ ပေ × ၈ ပေ × ၂ ပေ) နှင့် ကွန်ကရစ်ဘီးလမ်း၂ (၅၆၀ ပေ × ၃ ပေ × ၆ လက်မ) ၊ နှဲမောက်တန်း အုပ်စု အလယ်ပိုင်းကျေးရွာ မြေသားလမ်းခင်းခြင်း (၆၂၀ ပေ × ၃ ပေ × ၂ ပေ) ၊ ချောင်းကျောက် လမ်း ခင်းခြင်း (၂၀၀၀ ပေ × ၆ ပေ × ၆ လက်မ)၊ မြေသားရေကန် တာဘောင်ပြုပြင်ခြင်း ( ၁၄၀ ပေ × ၁၇၅ ပေ × ၆ ပေ ) ၊ ရေကန်ခြံစည်းရိုးကာရံခြင်း (၆၉၀ ပေ × ၅ ပေ) လုပ်ငန်းများများဖြစ်ပြီး ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

ဝေယံ - ဇလွန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/5067