တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမိုးကျော်သူမှ Cash for Work စီမံကိန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေမှုကို ကွင်းဆင်းစစ်ဆေး

ရွှေဘို ဩဂုတ် ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ် ကုန်းသာကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေမှုကို ယမန်နေ့ နေလယ် ၂ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့် တာဝန်ရှိ သူများသည် ကုန်သာကျေးရွာ ရွာအဝင်လမ်းအား မြေသားတင်ခင်းခြင်းလုပ်ငန်း (အရှည် ၂၀၉၀ပေ၊ အကျယ် ၁၂‌ ပေ၊ အမြင့် ၉လက်မ) နှင့် လမ်းဘေးဝဲယာ ရေမြောင်း (အရှည် ၁၅၇၀ပေ၊ အကျယ် ၄ပေ၊ အနက် ၁ပေ၅လက်မ) လုပ်ငန်းကို ကျေးရွာနေလုပ်သားများဖြင့် ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ Cash For Work စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် တစ်ရပ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေကာ ကျေးရွာအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀) ချ ထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ ရေနှုတ်မြောင်း တူးဖော်ခြင်း၊ သောက်ရေကန်များ တူးဖော်ခြင်းနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိဖြူမှ ပြောကြားသည်။

 

ထိုစီမံကိန်း၏ ခွင့်ပြုရန်ပုံငွေထဲမှ (၆၀) ရာခိုင်နှုန်းကို လုပ်အားခအဖြစ် သုံးစွဲပြီး (၄၀) ရာခိုင်နှုန်း ကို လုပ်ငန်းပစ္စည်းဖိုး သုံးစွဲရမှာဖြစ်ကြောင်း၊ တစ်နေ့လုပ်အားခကို (၄၈၀၀) ကျပ်မှ (၆၀၀၀) ကြား သတ်မှတ်ထားကြောင်း ၎င်းမှပြောကြားသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage

https://www.moi.gov.mm/iprd/news/4887