ပူတာအိုမြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပူတာအို ဩဂုတ် ၁၅

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ် ထားသော ကိုဗစ် − ၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan (CERP) အရ ကျေးလက် ဒေသနေ မိသားစုများ ၀င်ငွေလျော့နည်းလာမှုနှင့် စား၀တ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် (Cash For Work) စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်တို့ က ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်တို့က ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် Cash For Work စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စုအတွင်းရှိ မန်ပန်ကျေးရွာ၌ အရှည်ပေ (၁၀၂၀၀) ကို ရန်ပုံငွေ ကျပ်သိန်းပေါင်း (၁၀၀) ဖြင့် ကျေးရွာတွင်း ရေနူတ်မြောင်းပြုပြင်ခြင်းနှင့် ရေပြွန် (၁၁) ခုပြုလုပ်ခြင်း၊ ဖန်ခိုင်(၁) ကျေးရွာ၌ အရှည်ပေ (၃၄၈၀၀) ကို ရန်ပုံငွေကျပ်သိန်းပေါင်း (၁၀၀) ဖြင့် ကျေးရွာတွင်းရေနူတ်မြောင်း ပြုပြင်ခြင်း လုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု များအား ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြို့နယ်ကျေးလက်ဦးစီးဌာန ဒုတိယဦးစီးမှူးများ၊ စီမံကိန်း ၀န်ထမ်းများနှင့် ကျေးရွာကော်မတီများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ခရိုင်ဦးစီးမှူးက အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော Cash For Work စီမံကိန်းများကို လက်ရှိမြေပြင်အနေအထားအရ မန်ပန်ကျေးရွာတွင်(၄၀)ရာခိုင်နှုန်း၊ ဖန်ခိုင်(၁) ကျေးရွာတွင် (၉၉) ရာခိုင်နှုန်း ခန့်ပြီးစီးခဲ့နေပြီဖြစ်ကြောင်း၊ ယင်းစီမံကိန်းပြီးစီးပါက ဖန်ခိုင်(၁) ကျေးရွာနေ အိမ်ခြေ(၉၂)အိမ် လူဦးရေ (၄၅၉) ဦးနှင့် မန်ပန်ကျေးရွာနေ အိမ်ခြေ(၆၂)အိမ် လူဦးရေ(၄၀၁)ဦး တို့အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/4616