မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဆယ်ပင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာမြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး

ပေါက် ဩဂုတ် ၁၃

 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဆယ်ပင်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများအပေါ် တုံ့ပြန် ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေး အတွက် Cash for Work စီမံကိန်းဖြင့် ကျေးရွာမြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးမှ သိရ သည်။

 

ပေါက်မြို့နယ်၌ အကောင်အထည်ဆောင်ရွက်နေသည့် Cash for Work စီမံကိန်းကိုကျေး ရွာပေါင်း ၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့သို့ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး အဆိုပါထောက်ပံ့ငွေများကို ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ကျေးရွာ လူထုလုပ်အားကို အသုံးပြုစေကာ လုပ်အားခငွေများ ပေးချေရာတွင် လူတစ်ယောက်တစ် နေ့လုပ်အားခ ကျပ် ၅၀၀၀ သတ်မှတ် ထားပြီး လက်တွေ့ငွေပေးချေစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပေါက်မြို့နယ် အတွင်း ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းဝင်ကျေးရွာများအနက် ဆယ်ပင်း ကျေးရွာ တွင် ကျေးရွာဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေ ရရှိရေးအတွက် ကျေးရွာမြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကျေးရွာရေကန် အ ရှည်ပေ ၁၀၀ ၊ အကျယ် ၁၅၀ ပေ ၊ အနက် ၅ ပေရှိ မြေသားရေလှောင်ကန်တိုးချဲ့ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပြည်သူများ၏ လုပ်အားကိုအသုံးပြု၍ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

 

ကျေးရွာမြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးပါက ဆယ်ပင်းကျေးရွာရှိ အိမ်ခြေ ၁၇၉ ၊ လူဦးရေ ၉၅၃ ဦးအား ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲသွားနိုင်မည် ဖြစ်ကြောင်း ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဒေါ် အေးအေးသန့် ထံမှ သိရသည်။

 

ဉာဏ်တိုး(​​ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4230