ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်း လုပ်ငန်းများအား စတင် အကောင်အထည်ဖော် ဆောင်ရွက်

ကနီ ဩဂုတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်းလုပ်ငန်းများကို ဩဂုတ်လ ဒုတိယပတ်တွင် စတင် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရ သည်။

 

စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်လျက်ရှိရာ ထနောင်းပကားကျေးရွာအုပ်စု၊ ထနောင်း ပကားတောင်နှင့် ထနောင်းပကားမြောက် ကျေးရွာများတွင် ကျေးရွာလိုအပ်ချက်ဖြစ်သော ဘက်စုံသုံးခန်းမများကို စတင်ဆောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာများရှိ လုပ်ငန်းများဆောင်ရွက်ရာ၌ ထနောင်းပကားမြောက်ကျေးရွာတွင် ရန်ပုံငွေ ကျပ်(၃၂၉) သိန်း ဖြင့် အလျား၆၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၃ ပေရှိ ဘက်စုံသုံးခန်းမနှင့် ထနောင်းပကားတောင် ကျေးရွာတွင် ရန်ပုံငွေကျပ် (၂၇၃)သိန်းဖြင့် အလျား၅၀ပေ ၊အနံ၃၀ပေ၊ အမြင့် ၁၂ပေရှိ ဘက်စုံသုံးခန်းမတို့ကို Steel Structure ဖြင့်ဆောက်လုပ် အကောင်အထည်ဖေါ်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား ကျေးရွာများမှ ကျေးရွာစီမံခန့်ခွဲ့မှု ကော်မတီများ၊ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတာဝန်ကျ လက်ထောက်နည်းပညာမှူးများနှင့် လူထု စည်းရုံး ရေးမှူးများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကနီမြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်းအနေဖြင့် တတိယနှစ်စီမံကိန်းစက်ဝန်းတွင် စီမံကိန်းလုပ်ငန်းခွဲ ပေါင်း ၁၆ ခုအား စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီမှ စီမံကိန်းလုပ်ငန်းခွဲ(၆၂)ခုအား ဆက်လက် အကောင်အထည်ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရရှိ ထားကာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင် သိရှိရသည်။

 

သန်းဌေးအောင်(ကနီ)

https://www.moi.gov.mm/iprd/news/3621?fbclid=IwAR3CobglimH8_cpqUa0qFgEm8gnC38351MSLzaGcGONVCdCnjNxEiFMvG80