ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း Information Campaign ပြုလုပ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှ ဇွန်လ ၁၁ ရက်နေ့ မနက် ၇ နာရီအချိန်မှာ ဆီဆိုင်မြို့မ ဈေးမှာ သတင်း ပြန်ကြားရေး ဆက်သွယ်ရေးဆိုင်ရာ Information Campaign ကို ကျင်းပ ဆောင်ရွက်ခဲ့ပါတယ်။

Campaign မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များနဲ့အညီ လိုက်နာ ဆောင်ရွက်ကာ လူထုဗဟိုပြု စီမံကိန်း ပိုစတာများ စီမံကိန်းနဲ့ ပတ်သတ်သော အချက်အလက်များနဲ့ ကိုဗစ်-၁၉ ကိုရိုနာ ဗိုင်းရပ်စ် အသိပညာပေး ပို့စတာများ ပြသထားခြင်း၊ အဝတ်စ နှာခေါင်းစည်း Mask များ စီမံကိန်း နဲ့ ပတ်သတ်တဲ့ လက်ကမ်း စာစောင်များကိုလည်း ပြည်သူလူထုအား ဖြန့်ဝေဆောင်ရွက်ခဲ့ရာ မနက် ၈ နာရီ မိနစ် ၃၀ အချိန်မှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ Campaign ကို ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသီဟန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်း၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးဟန်မင်းစိုးနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

Credit- Y Info သတင်း အချက်အလက်

#NCDDP #DRD #MOALI #WorldBank