ကျေးရွာမတည်ရန်ပုံငွေ (VRFP) နှင့် Cash For Work စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ရွာငံ ဇူလှိုင် ၂၇

ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)နှင့် Cash For Work စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ရွာငံမြို့ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းတို့က အမှာစကားပြောကြားပြီး ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်က စီမံကိန်းနှင့် ပက်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်း ကျေးရွာများသို့ Village Revolvi ng Fund Project (VRFP) နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာ ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက သိမ်ကုန်း ၊ အင်းကုန်း ၊ ကျွန်း ကြီးကျေးရွာများသို့ ရန်ပုံငွေသိန်း (၃၀၀) စီကိုလည်းကောင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော် ဟိန်းက စေးနဲရုပ် ၊ မြပေါ စော၊ ကျန်တောကျေးရွာသို့ ရန်ပုံငွေသိန်း (၂၀၀)စီကို လည်းကောင်း ရှမ်းပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဌေးက ရွာဆိုးကြီး သက်ကယ်လွင် ကျေးရွာများသို့ သိန်း(၁၀၀)စီကိုလည်းကောင်း မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးက လင်းဝေး၊ ကျောက်တော(မ)၊ ပိဒုန်းကိုင်းကျေးရွာများသို့ သိန်း(၁၀၀)စီ ကို လည်းကောင်း လူဝန်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးလှဝင်းနိုင်က ဂနိုင်ယား၊ ရေဝင်ကျေးရွာများသို့ သိန်း(၁၀၀)စီကိုလည်းကောင်း ကော်မတီဥက္ကဋ္ဌများထံ ပေးအပ်ခဲ့ကြသည်၊၊

ရွာငံမြို့နယ်တွင် Cash For Work(CFW) စီမံကိန်း ဆောင်ရွက်မှုအနေဖြင့် ကျေးရွာပေါင်း (၅)ရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဆောင်ရွက်မှု အနေဖြင့် ကျေးရွာပေါင်း(၈)ရွာ တို့ကို ရွေးချယ်ခဲ့ပြီး ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%2F27%2F07%2F2020%2Fid-25301&fbclid=IwAR2Dn4xgX1t8HYVYLbIdy-qHvaWLeRDnaDHoPap4bCAJQFmtmDa4UcNxvq0