မင်းဘူး ခရိုင်အတွင်း ကျေးရွာပေါင်း ၅၂ ရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Rural Development Activities under Cash for Work Project in 52 Villages of Minbu District Completed 100 Percent

Magway, SkyNet Media Coverage

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ အတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်နေတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မင်းဘူး ခရိုင်အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၅၂ ရွာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကာလ အရေးပေါ် တုန့်ပြန်ရေး အစီအစဉ် တစ်ခုအဖြစ် Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိရာမှာ ရာနှုန်း ပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ မင်းဘူးခရိုင်အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၅၂ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၅၂၀၀ နဲ့ လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်း ၄၅ ခု၊ ရေရရှိရေး လုပ်ငန်း ၃ ခု၊ ကျန်းမာ သန့်ရှင်းရေး လုပ်ငန်း ၅ ခု၊ အခြားလုပ်ငန်း ၁ ခု၊ လုပ်ငန်းခွဲ စုစုပေါင်း ၅၄ ခုကို လုပ်အားခ ပေးချေခြင်း စနစ်နဲ့ အဲဒီ ကျေးရွာတွေ အတွင်းက ပြည်သူ ၇၄၃၅၃ ဦး ဝင်ရောက် လုပ်ကိုင်ပြီး၊ သက်ဆိုင်ရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း လိုအပ်တဲ့ နည်းပညာ တွေ ပံ့ပိုး ကြီးကြပ်မှုနဲ့ ဇူလိုင်လ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ မင်းဘူး ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးတင့်လွင်က ပြောကြားပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage