ပြည်နယ် စီမံကိန်း တာဝန်ခံမှ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကော့ကရိတ်မြို့နယ် လူထု ဗဟိုပြုစီမံကိန်းမှ (ဒုတိယနှစ်စက်ဝန်း) တွင် လုပ်ဆောင်ခဲ့သည့် လုပ်ငန်းအခြေအနေများကို ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒု-ညွှန်မှူး ဦးစတင်ဝေနှင့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကွင်းဆင်းဝန်ထမ်းများ၊ ကျေးရွာကော်မတီအဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်ခဲ့သော လုပ်ငန်းအပေါ် လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်း အစီ အစဉ်များရှိ/မရှိ၊ သက်မှတ်ထားသော စံသတ်မှတ်ချက် နှင့်အညီ ဆောင်ရွက်ထားမှုနှင့် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားစေခြင်း၊ လာမည့်နှစ် စီမံကိန်းလုပ်ငန်းများအတွက် ကျေးရွာအနေဖြင့် အမှန်တကယ် လိုအပ် ချက်ရှိသော လုပ်ငန်းများကို ဦးစားပေးရွေးချယ် လုပ်ဆောင်စေရန် အကြံပြု ဆွေးနွေးခဲ့ပြီး ရေကျော်ကြီးအုပ်စု လှိုင်ဝကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းနှင့် ရေပူကြီးအုပ်စု ညီညာသာလင်းကျေးရွာ ဘက်စုံသုံးခန်းမ ဆောင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စိုးထက်အောင်(ပြန်ဆက်) ကရင်ပြည်နယ်

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%2F30%2F06%2F2020%2Fid-22101