ကျောက္ကာကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက်နိုင်ရေး ကွင်းဆင်း တိုင်းတာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျောက္ကာ ကျေးရွာ အုပ်စု ကျောက္ကာ ကျေးရွာမှ

ကျေးလက်နေ ပြည်သူတွေ သောက်သုံးရေ ဖူလုံစွာ ရရှိ‌စေဖို့ ရည်ရွယ်ပြီး၊ အိမ်တိုင်ရာရောက် သောက်သုံးရေ ပိုင်လိုင်း သွယ်တန်း ဆောင်ရွက် ပေးနိုင်ရေး၊

Level Survey တိုင်းတာခြင်းကို တာဝန်ရှိသူတွေနဲ့ တိုင်းတာခဲ့ပါတယ်။ ဒီလိုတိုင်းတာ စစ်ဆေးရာမှာ တိုင်းဒေသကြီး လူထု ဗဟိုပြု စီမံကိန်း

အခြေခံအဆောက်အအုံ တာဝန်ခံ ဦးကျော်သာဖြိုး၊ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ ကျား၊ မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းနဲ့

ဝန်ထမ်းတွေ၊ ကျေးရွာ ရေရရှိရေး ကော်မတီဝင်တွေဟာ ကျောက္ကာ ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက်နိုင်ပေးနိုင်ရေး၊ သွယ်ယူရမည့်

ရေပိုက်လိုင်းသစ်အရှည်၊ ရေစုကန် တည်ဆောက်ရမည့် မြေပြင်အခြေအနေ၊ အနိမ့်အမြင့်တွေကို Level Survey တိုင်းတာမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ရေပိုက်လိုင်း ပေ ၉,၉၀၀ သွယ်တန်းခြင်းလုပ်ငန်းကို ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း

ထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ဆောင်ရွက် ပြီးစီးပါက အဲဒီ ကျေးရွာမှာ ရှိတဲ့ အိမ်ခြေ ၃၂၂ အိမ်၊

လူဦးရေ ၁,၅၉၁ ဦးနဲ့ ကျွဲနွား တိရစ္ဆာန်တွေ အနေနဲ့ သောက်သုံးရေ ဖူလုံစွာ ရရှိရေး အကျိုးပြုမှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Channel