ပေါက်မြို့နယ် မြို့ခင်းသာ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်မှု ကြည့်ရှု့စစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ မြို့ခင်းသာ အုပ်စု မြို့ခင်းသာ ကျေးရွာ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ဆောင်ရွက်နေမှု အခြေအနေတွေကို ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

 

ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူး ဦးငြိမ်းထက်၊ လူထု စည်းရုံးရေးမှူး ဒေါ်ခိုင်မာဦးတို့က လုပ်ငန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးရာမှာ လိုအပ်တဲ့ နည်းပညာတွေ လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

 

အဲဒီ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်ဟာ အခုအခါမှာတော့ ၈၀ ရာခိုင်နှုန်း ပြီးစီးတယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank