ဆောမြို့နယ် ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ကျေးရွာဖြစ်တဲ့ လှော်ကား ကျေးရွာ လှော်ကား ကျေးရွာနဲ့ ရိရဲချောင် ကျေးရွာမှာ စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှုတွေကို ကွင်းဆင်း စစ်ဆေးတဲ့ အစီအစဉ်ကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်း၊ ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ နယ်မြေအဖွဲ့ ခေါင်းဆောင် ဦးရှု့မောင်တို့က ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

 

အဲလို ကွင်းဆင်း စစ်ဆေးရာမှာ လှော်ကားကျေးရွာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၂၄၀ နဲ့ ကျေးရွာလူထု ပါဝင်ထည့်ဝင်ငွေ သိန်း ၁၄၀ နဲ့ဆောင်ရွက်လျက် ရှိတဲ့ ၂ ထပ်ကျောင်းဆောင် ဆောက်လုပ်ခြင်းကို ကြည့်ရှု့ စစ်ဆေးခြင်းနဲ့ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၂၄၀ နဲ့ဆောင်ရွက်လျက်ရှိတဲ့ ရိရဲချောင် ကျေးရွာ ရွာတွင်း သဲခင်းလမ်းနဲ့ ကွန်ကရစ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းတွေကို ကြည့်ရှု စစ်ဆေး ပြီးတော့ အဲလုပ်ငန်းခွဲတွေကို အချိန်မှီ ပြီးစီး နိုင်ရေးအတွက် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လိုအပ်တာတွေကို လမ်းညွှန်မှာကြားပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ရှု့မောင်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank