မိုးကောင်းမြို့နယ် မြို့သစ်ကြီး ကျေးရွာ ဘက်စုံသုံးခန်းမ ၉၅ ရာခိုင်နှုန်း ပြီးစီး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှာ ကျေးရွာ လူထုများမှ ဦးစားပေး ရွေးချယ်ထားတဲ့ လုပ်ငန်းများအား TPIC ခွင့်ပြုချက်နဲ့ လမ်းတံတား လုပ်ငန်း၊ ကျောင်း အဆောက်အဦးများ ပြုပြင် ဆောင်ရွက်ခြင်း လုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ ကျေးရွာ အားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်း၊ ကျေးရွာ ဘက်စုံသုံးခန်းမများ တည်ဆောက်ခြင်း လုပ်ငန်းများ အပါအဝင် လုပ်ငန်းခွဲပေါင်း ၁၁၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

 

ထိုကဲ့သို့ ဆောင်ရွက်နေမှုကို မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများ၊ ပြည်နယ် အင်္ဂျင်နီယာ၊ မြို့နယ် အင်္ဂျင်နီယာတို့က မြို့သစ်ကြီး ကျေးရွာ ကျေးရွာ ဘက်စုံသုံးခန်းမ ၉၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်း အပြီးသတ်နိုင်ရေး၊ စာရင်းဇယားများ မှန်ကန်စွာ ပြုစုထားရှိရေး၊ လူထု စစ်ဆေးပွဲအား ယခင်နှစ်များကဲ့သို့ လူစုလူဝေးဖြင့် ဆောင်ရွက်မယ့် နည်းလမ်းအား အသုံးပြုတော့်မှာ မဟုတ်တာကြောင့် ယခု ကာလအတွင်း ဆောင်ရွက်မယ့် နည်းလမ်းများကို ရှင်းလင်းခြင်းများကို ဆွေးနွေးခဲ့ပါတယ်။

 

သတင်း - ဧဧလေး

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank