မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၄၆ ခု ၁၀၀ ရာခိုင်နှုန်း ပြီးစီး

မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် ကျေးရွာအုပ်စု ၃၆ အုပ်စု ကျေးရွာ ပေါင်း ၇၉ ရွာအတွက် စီမံကိန်း ထောက်ပံ့ရံပုံငွေကျပ် ၁၆၂၃ သန်းဖြင့် ဆောင်ရွက်ရန် မြို့နယ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက လုပ်ငန်းခွဲ ၁၁၁ ခုအား ဆောင်ရွက်ရန် အတည်ပြုထားရာ လုပ်ငန်းခွဲ ၄၆ ခု မှာ ၁၀၀%ပြီးစီးလျက်ရှိပြီး၊ ကျန်လုပ်ငန်းခွဲ ၅၆ ခုကို လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို မေလ၁၉ရက်နေ့က မြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်း၊ CDD Team Leader ပြည်နယ် အင်ဂျင်နီယာ နှင့် မြို့နယ် အင်ဂျင်နီယာတို့က မရမ်းကျေးရွာ၊ လမ်းခွကျေးရွာ၊ မြို့သစ်ကြီးကျေးရွာ၊ ကံလှကျေးရွာ၊ မြတောင်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ရေရှင်စံပါရီကျေးရွာတို့တွင် ခန်းမနှင့် ခန်းမဆက်စပ်လုပ်ငန်း တည်ဆောက်ပြီးစီးမှုအားလည်းကောင်း၊ နန့်လှိုင်ကျေးရွာတွင် ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု၊ လေးမိုင်ကျေးရွာတွင် စာသင်ကျောင်းခြံစည်းရိုးကာရန်ခြင်းဆောင်ရွက်ပြီးစီးမှု၊အောက်ရေရှင် ကျေးရွာ စာကြည့်တိုက်ဆောင်ရွက်ပြီးစီးမှုတို့အား လည်းကောင်းကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်း၊ CDD Team Leader နှင့်မြို့နယ်အင်ဂျင်နီယာ တို့သည် မေလ၁၅ရက်နေ့က သိုက်ဝါးကုန်းကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင်ရွက်နေမှု၊ နမ္မနကျေးရွာတွင် ရွာတွင်း သဲကျောက်လမ်းခင်းခြင်းဆောင်ရွက်နေမှု၊ ကုန်းတန်းကြီးကျေးရွာတွင် လယ်ယာကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တံတား တည်ဆောက်နေမှု၊ ရေတွင်းကုန်းကျေးရွာတွင် ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက် ထားသည့် ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှုအားလည်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

Mogaung CDD

#NCDDP #DRD #MOALI #WorldBank