သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံပါဝင်သော ဂျူရီအဖွဲ့ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲမြို့ မတ်၂၇

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) တွင် ပြည်သူလူထု၏ အောင်မြင်မှုကို အသိအမှတ်ပြုရန်၊ ကော်မတီဝင်များ၏အောင်မြင်မှုကို အသိအမှတ်ပြုရန်နှင့် အကောင်းဆုံးကျေးရွာအုပ်စုနှင့် ကျေးရွာဆုများပေးနိုင်ရန် ရည်ရွယ်၍ သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံပါဝင်သော ဂျူရီအဖွဲ့ (၂)ဖွဲ့ ကွင်းဆင်းစစ်ဆေးမှုကိုများကို ယနေ့ ၂၇.၃.၂၀၁၉ နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။

          ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးနှင့်အတူအဖွဲ့(၁)သည် ဆန်ကာတင်ကျေးရွာ/ကျေးရွာအုပ်စုများအနက်မှ ကြာအင်းကျေးရွာအုပ်စု၊ ဝိုင်းထော်ကျေးရွာနှင့် ဖာပွန်ကျေးရွာများကို သွားရောက်ခဲ့ကြသည်။

          လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်နှင့်အတူ အဖွဲ့(၂)သည် ဆန်ကာတင်ကျေးရွာ/ကျေးရွာအုပ်စုများအနက်မှ ကမော့လဲကျေးရွာအုပ်စု၊ မအဲကျေးရွာအုပ်စု၊ ကမော့လဲကျောင်းကျေးရွာနှင့် တောင်စွန်းကျေးရွာများကို သွားရောက်ခဲ့ကြသည်။

          ဆန်ကာတင်ကျေးရွာအုပ်စု(၅)အုပ်စုနှင့် ကျေးရွာ(၁၀)ရွာအထဲမှ အကောင်းဆုံး ကျေးရွာ(၃) အုပ်စု၊ အကောင်းဆုံးကျေးရွာ(၃)ရွာ ရွေးချယ်၍ မြို့နယ်အဆင့်သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရပါသည်။