လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း ) လုပ်ငန်းများ ဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

ကျောက်တန်း မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးမှ တာဝန်ရှိသူများနှင့် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများသည် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများအား ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဝင်းကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တံတားတည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ နရွဲချောင်ကျေးရွာ ခန်းမဆောင် တည်ဆောက်ခြင်းနှင့် မုဆိုးဆိပ်ကျေးရွာတွင် ခန်းမဆောင် ခြံစည်းရိုးခတ်ခြင်း စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရှု့ပြီး ကျေးရွာမှ ရာအိမ်မှူး၊ ရပ်မိ/ရပ်ဖများ၊ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်၊ လက်ထောက်နည်းပညာမှူး ဒေါ်လင်းဆန်နီထွန်း၊ ဒေါ်ချိုသက်မာ၊ လူထုစည်းရုံးရေးမှူး ဦးထွန်းထွန်းလှိုင်၊ ဦးကောင်းစံတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)

Credit- Ministry of Information

#NCDDP #DRD #MOALI #WorldBank

 

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%2F27%2F05%2F2020%2Fid-18690&fbclid=IwAR3KBNxrK5tdOGgkG6yqe4qmGayBIEOlFt0LVYWVrWT9yooUuECnV-_4QtA