မိုင်းခတ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိုင်းခတ် မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်လျှက်ရှိရာ ၂၀၂၀ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မိုင်းညှင်း၊ ဝမ်အွန်၊ ဟုတ်ပုံအုပ်စုများရှိ ဝမ်ကျန်း၊ ဝမ်မိုင်ဟိုညှင်း၊ ပိန်းဆာ၊ အင်ဝမ်မတ်၊ အင်ဝမ်ကျန်၊ အင်ခိုလုံကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော စိမ့်စမ်းရေသွယ်ယူခြင်း၊ ရေလှောင်ကန်တည်ဆောက်ခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအား မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းတာ၀န်ခံ ဦးဟိန်းမင်းစိုး၊ နည်းပညာအကြံပေးအဖွဲ့ စောင့်ကြည့်ကြီးကြပ်ရေးနှင့် အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာတာဝန်ခံ ဦးရန်လင်းကျော်၊ လက်ထောက်နည်းပညာမှူး ဦးငြိမ်းချမ်းသူ၊ ဒေါ်"နန်းဆီဖောင်း၊ ဒေါ်နော်လဲ့လဲ့တို့နှင့် လူထုစည်းရုံးရေးမှူး ဒေါ်ဝင်းစနွာမိုး တို့မှ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

 

ကွင်းဆင်းကြည့်ရှုရာတွင် စီမံကိန်းလုပ်ငန်းခွဲများ သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းများတွင် အမျိုးသမီးများပါ ပူးပေါင်းပါဝင်ပြီး လုပ်အားခ တန်းတူရရှိ‌စေရေး၊ စီမံကိန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ စုံလင်မှုရှိရေးတို့ကိုစစ်ဆေးပြီး လုပ်ငန်းခွဲများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank