မိုးကောင်း မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာတွေက ဦးစီးပေး ရွေးချယ်ထားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို အတည်ပြုနိုင်ဖို့ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) စတုတ္ထအကြိမ် အစည်းအဝေးကို တော့ မေလ ၂ ရက်နေ့က မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးခန်းမမှာ ကျင်းပရာမှာ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အဖွင့် အမှာ စကား ပြောကြားပြီး၊ နည်းပညာ အကြံပေးအဖွဲ့ ဦးမြတ်သူက စုစုပေါင်း လုပ်ငန်းခွဲ ၁၂ ခုတို့ကို PowerPoint နဲ့ ရှင်းလင်း တင်ပြရာမှာ (TPIC) အဖွဲ့ဝင်တွေက သိရှိလိုတာတွေကို မေးမြန်း ဆွေးနွေးခဲ့ပါတယ်။

 

အခု (TPIC) အစည်းအဝေးမှာ ခွင့်ပြုလုပ်ငန်းခွဲ ၁၂ ခု အပါအဝင် စတုတ္ထနှစ် စက်ဝန်းမှာ လုပ်ငန်းခွဲပေါင်း ၁၁၁ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် ၁၆၂၃ သန်းနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ Team Leader ဦးစီးအရာရှိ ဒေါ်အေးအေးလင်းက ပြောကြားခဲ့ပါတယ်။

 

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank