ပမဝတီ ကျေးရွာ ကွန်ကရစ် ဘီးလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်တဲ့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင် ငပုတော မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ကန်းကွင်းကျေးရွာအုပ်စု၊ ပမဝတီ ကျေးရွာ ကွန်ကရစ် ဘီးလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို မတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီ အချိန်က တာဝန်ရှိသူတွေက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

အဲလို ကွင်းဆင်းစစ်ဆေးရာမှာ ပုသိမ်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဆားတင့်ငွေနဲ့ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ ၂ ဦးရဲကိုကိုတို့ဟာ ကျေးရွာ လူထုဗဟိုပြု စီမံကိန်း ကော်မတီဝင်တွေနဲ့ အတူ ပမဝတီ ကျေးရွာ ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ် စံချိန်စံညွှန်း အတိုင်းအတာတွေကို ကြည့်ရှု စစ်ဆေးကြောင်း သိရပါတယ်။

အဲဒီကျေးရွာတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းကို အရှည် ၂၂၀၀ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၆ လက်မထု ခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၁ ဒဿမ ၅ သန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ နည်းပညာ ပံ့ပိုးမှု၊ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank