လူထုဗဟိုပြု စီမံကိန်း စည်းရုံးရေးမှူးများ မွမ်းမံ သင်တန်း ပူတာအိုမြို့နယ်တွင် ကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စည်းရုံးရေးမှူးများအတွက် မွမ်းမံ သင်တန်း အပိုင်း ၁ ကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ဖွင့်လှစ် သင်ကြားပို့ချကြောင်း သိရပါတယ်။

လူထုဗဟိုပြု စီမံကိန်းရဲ့ ကျား၊ မ တန်းတူ ညီမျှရေးနဲ့ လူထုအားလုံးပူးပေါင်း ပါဝင်ရေး သဘောတရားများကို ဆွေးနွေးပြီး လက်တွေ့ဆောင်ရွက်နိုင်ရန် စီမံကိန်း လက်စွဲမှာ ပါရှိတဲ့ အခန်း ၂ အပိုဒ်ခွဲ ၁ နဲ့ ၂ တို့မှ လမ်းညွှန်ချက်များကို နားလည်စေရန် ကျေးရွာ ပထမအကြိမ်၊ ကျေးရွာ ဒုတိယအကြိမ် အစည်းအဝေးများနဲ့ ကျေးရွာအုပ်စု ပထမအကြိမ် အစည်းအဝေးတို့ကို စီစဉ် စည်းရုံး ကူညီပေးနိုင်စေရန် မြို့နယ်မှာ အခြား စီမံကိန်း ဝန်ထမ်းများနဲ့ အဖွဲ့လိုက် အတူတစ်ကွ လုပ်ငန်းဆောင်ရွက်တတ်လာစေရန် စတဲ့ ရည်ရွယ်ချက်များနဲ့ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ သင်တန်းကိုတော့ သင်တန်းသား၊ သင်တန်းသူ ၂၂ ယောက် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

 

သတင်း- မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank