ပခုက္ကူခရိုင် ပေါက်မြို့နယ် သဖန်းချောက် ကျေးရွာတွင် ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

မကွေးတိုင်း ဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပခုက္ကူခရိုင် ပေါက်မြို့နယ်၊ သဖန်းချောက် ကျေးရွာမှာ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဖေဖေါ်ဝါရီလ ၇ ရက် နေ့လည် ၃ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ တိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသိန်းထိုက်ဇော်၊ ပခုက္ကူခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးတင်ဝင်း၊ မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ နဲ့ ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနဲ့အတူ သဖန်းချောက်ကျေးရွာ ဆိုလာ စနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားပါတယ်။

အဆိုပါ သဖန်းချောက် ကျေးရွာရေရရှိရေးအတွက် ကျေးရွာပိုင် စက်ရေတွင်းမှ ဆိုလာ ၁၃၀ ဝပ် ၄၅ ချပ် တပ်ဆင်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၈၀ ၊ ကျေးရွာနေ ပြည်သူလူထုနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ လူထု ဗဟိုပြု ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ လုပ်ငန်း ဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၆၀ ၊ လူဦးရေ ၂၉၂ ဦးနဲ့ ကျွဲနွား တိရစ္ဆာန်တို့ အတွက် သောက်သုံးရေများ၊ ကုန်ကျစရိတ် သက်သာစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - သန်းလွင်ဦး (မကွေး)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank