ဆောမြို့နယ် လေးကျေးရွာရှိ ချီချောင်း ဂုဏ်ဆောင် ကြိုးတံတားသစ် ဖွင့်လှစ်

Magway, Myanmar Digital News Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (CDD) တတိယနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာလူထု ထည့်ဝင်ငွေတို့နဲ့

အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ မကွေးတိုင်းဒေသကြီး၊ ဂန့်ကောခရိုင်၊ ဆောမြို့နယ် လေးကျေးရွာ ရှိ ချီချောင်း ဂုဏ်ဆောင် ကြိုးတံတားသစ်

ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက တံတားတည်ရှိတဲ့ နေရာမှာ ကျင်းပပြုလုပ်ခံပါတယ်။

လေးကျေးရွာ ချီချောင်း ဂုဏ်ဆောင် ကြိုးတံတားသစ်ဟာ အရှည် ၂၀၀ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၂၂ ပေ ရှိပြီး တည်ဆောက်ခြင်း လုပ်ငန်းကို

လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း၊ ထောက်ပံ့ ရန်ပုံငွေကျပ် ၁၈၀ ဒဿမ၁၄၆ သိန်း၊ ပြည်သူ ထည့်ဝင်ငွေ ၁၂၁ ဒဿမ ၁၆၄ သိန်း၊

စုစုပေါင်း ငွေကျပ် ၄၀၁ ဒဿမ ၃၁ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ

ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုများနဲ့ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကြိုးတံတားသစ် ဖွင့်ပွဲကို တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊

မကွေးတိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများ၊ ကျေးရွာ ကော်မတီဝင်များနဲ့

ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

Credit – Myanmar Digital News

www.mdn.gov.mm