မင်းလယ် ကျေးရွာ မူလွန်ကျောင်းဆောင်သစ် ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ

ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှာ ကွင်းကျောင်း ကျေးရွာ အုပ်စု မင်းလယ်ကျေးရွာမှာ

ဆောင်ရွက်မယ့် မူလွန်ကျောင်းဆောင်သစ်အား ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မင်းလယ် ကျေးရွာ

စာသင်ကျောင်းဝင်းအတွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

မြို့နယ် ဦးစီးမှုး၊ ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ၊ သတင်း ပြန်ကြား ဆက်သွယ်ရေးနှင့် ဝေဖန် အကြံပြု

တိုင်ကြား ဖြေရှင်းရေး တာဝန်ခံနဲ့ စီမံကိန်း ကော်မတီဝင်များ၊ မြို့နယ် ပညာ ရေးမှုးနဲ့ ကျောင်းဆရာ ဆရာမများ၊ ရပ်မိ ရပ်ဖများတက်ရောက်ခဲ့ပါတယ်။ အခမ်းအနား

စတင်ချိန်မှာ ပန္နက်ချမည့် သူများက နေ့နံ အလိုက် နေရာ ယူကြပြီး၊ မင်္ဂလာ အချိန်ကျရောက်ချိန်မှာ ပန္နက်ချ ပြီး၊ အမွှေးနံသာများ ပက်ဖြန်းကာ

အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။ အဆိုပါ စာသင်ကျောင်းဆောင်အား စီမံကိန်း ထောက်ပံ့ငွေ ၁၁၉ သိန်းနဲ့ အလျား ပေ ၆၀ ၊ အနံ ပေ ၃၀ ၊ အမြင့် ၁၂ ပေ

ဆောက်လုပ်မှာ ဖြစ်ပြီး၊ ဆောက်လုပ် ပြီးစီးပါက မင်လယ်ကျေးရွာ မှာ ရှိတဲ့ လူဦးရေး ၄၀၃ ဦး၊ အကျိုးခံစားနိုင်မှာ ဖြစ်ပါတယ်။

သတင်း - တင်အောင် မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank