လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှုးများအား ကျား၊မ ရေးရာ မွမ်းမံသင်တန်းကို မိုးကောင်းတွင် ပို့ချ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံးက စည်းရုံးရေးမှုးများအား

ကျား၊မ ရေးရာ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကို ဇန်နဝါရီလ ၂၈ ရက် မနက် ၉ နာရီ ခွဲက ကျင်းပခဲ့ရာ မြို့နယ် ဦးစီးမှုး ဦးမြသိန်းဝင်းက

အဖွင့် အမှာ စကား ပြောကြားပြီးနောက် ကျား၊ မ ရေးရာ တာဝန်ခံ ဒေါ်ဌေးဌေးမြင့်က သင်ခန်းစာတွေကို ဆက်လက် သင်ကြားပို့ချ ခဲ့ပါတယ်။

သင်တန်းမှာ ကျား၊ မရေးရာ အခြေခံ သဘောတရားတွေ၊ ကျား၊ မ ရေးရာနှင့် ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အမျိုးသမီးတွေ ပါဝင်လာခြင်းကြောင့်

တွေ့ရှိရမှုတွေ၊ ကျားမ ရေးရာ အချက်(၆) ချက်၊ ကျားမ ရေးရာ ညွှန်းကိန်း ထည့်သွင်း အသုံးပြုခြင်းဖြင့် ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ဖြေရှင်းခြင်း

တွေကို မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ စည်းရုံးရေးမှုး ၃၂ ဦးတို့ကို ဇန်နဝါရီလ ၂၈ ရက် တစ်ရက်တည်း သင်တန်း သင်ကြားပေးခဲ့ခြင်း၊

ဖြစ်ကြောင်း၊ အဖွဲ့ခေါင်းဆောင် (Team Leader) ဒေါ်အေးအေးလင်း ထံမှ သိရှိရပါတယ်။

 

သတင်း - ဧဧလေး

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank