စည်းရုံးရေးမှုးများ မွမ်းမံသင်တန်းကို တွန်းဇံမြို့တွင် ပို့ချ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ လူထု ဗဟုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အတွက် ခန့်အပ်ထားတဲ့ လူထုစည်းရုံးရေးမှုးတွေနဲ့

လက်ထောက်နည်းပညာမှုးများအတွက် စည်းရုံးရေးမှုးများ မွမ်းမံသင်တန်း အပိုင်း (၁) ဖွင့်ပွဲကို ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းက တွန်းဇံမြို့

ရိုမန်ကတ်သလစ် ဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။

 

သင်တန်းဖွင့်ပွဲမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီမှုး ဦးနန်ဒိုဆူမ်းမန်က အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယ

ဦးစီးမှုး ဦးထောင်ဆွင်းမုန်နဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းတို့က သင်တန်းဖွင့်လှစ်ရခြင်း

ရည်ရွယ်ချက်တွေနဲ့ စည်းကမ်းချက်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

အဲဒီသင်တန်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းတွေနဲ့ လူထု ဗဟုပြု စီမံကိန်း ဝန်ထမ်းတွေ အပါအဝင်

စုစုပေါင်း ၃၇ ဦးတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အထိ ဖွင့်လှစ် သင်ကြား

ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank