ပိတောက်မြိုင်ရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား လှိုင်းဘွဲ့ မြို့နယ်တွင် ကျင်းပ

လှိုင်းဘွဲ ဇန်နဝါရီ ၂၉

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်

ပတ်ကျောကျေးရွာအုပ်စု ကုန်းက‌‌‌လေးရွာသစ်ကျေးရွာ ပိတောက်မြိုင်ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့

နံနက် ၈:၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်လူထုဗဟိုပြုစီမံကိန်း မြို့နယ်အကြံပေးဒေါ်နူးနူးအောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဦးမင်းနိုင်၊ ကုန်းကလေးကျေးရွာလူထုကိုယ်စား

ဦးတင်ငွေမှ အဖွင့်အမှာစကားအသီးသီးပြောပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခိုင်ခင်ဦး၊ လူထုဗဟိုပြုစီမံကိန်း

တာဝန်ခံ ဒေါ်နူးနူးအောင်နှင့် ပတ်ကျောအုပ်စုအုပ်ချုပ်ရေးမှုး ဒေါ်နူးနူးအောင်နှင့် ပတ်ကျောအုပ်စုအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်တို့မှ ဖဲကြိုးဖြတ်

ဖွင့်လစ်ပေးခဲပါသည်။ အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၁၇၂၀'x အကျယ် ၁၂'x အမြင့်၆" ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း ၂၁၀

(၂၁,၀၀၀,၀၀၀ကျပ်) ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၂,၀၅၈,၀၀၀ ကျပ်ခန့်ဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင် လမ်းခင်းခဲ့ပြီး၊

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ယနေ့တွင် လမ်းဖွင့်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။