ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ် တို့ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့‌ကျေးရွာတွေကို မေလ ၁၁ ရက်နေ့က ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်း၊ ဒေါ်နော်ကေသွယ်မိုး (CFAG) မြို့နယ် နည်းပညာ အကြံပေး ဒေါ်မဉ္ဇူထွန်းနဲ့ တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

 

ကွင်းဆင်းစစ်ဆေးရာမှာ တောင်ရှေ့ ကျေးရွာအုပ်စု ဈေးပိုင်းကျေးရွာမှာ ဆောင်ရွက်နေတဲ့ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း၊ လွယ်ခွဲထာအုံ ကျေးရွာမှာ ဆောက်ရွက်လျက် ရှိတဲ့ သဲဗြုန်း လမ်းခင်းခြင်းလုပ်ငန်း၊ ထီဆုံကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်း၊ လွယ်ဆောင် ကျေးရွာနဲ့ ခူရားကျေးရွာ တို့မှာ ဆောင်ရွက်လျက် ရှိတဲ့ ရေလှောင်ကန် တည်ဆောက်တဲ့ လုပ်ငန်း တွေကို ကွင်းဆင်း စစ်ဆေးပါတယ်။

 

အဲဒီကွင်းဆင်း စစ်ဆေးရာမှာ နည်းပညာ ဒီဇိုင်းနဲ့ အရည်အသွေးပိုင်း ဆိုင်ရာတွေ ကြီးကြပ်စစ်ဆေးရာ လုပ်ငန်း အရည်အသွေး ပြည့်မှီအောင် ဆောင်ရွက်နိုင်ဖို့ လုပ်ငန်း အချိန်မှီ ပြီးစီးဖို့ ရေရှည်တည်တံ့ ခိုင်မြဲဖို့၊ စီမံကိန်း ထောက်ပံ့ငွေကို စနစ်တစ်ကျ စီမံခန့်ခွဲ အသုံးပြုဖို့နဲ့ လိုအပ်တာတွေကို ဆွေးနွေးမှာကြားတယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,