ဒုတိယအကြိမ် လက်ထောက် နည်းပညာမှူးများ ဖိုရမ်ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ်လ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း(CDD) ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးတွင်ထည့်သွင်းတင်ပြနိုင်ရေးအတွက် မြို့နယ်အဆင့်ဝန်ထမ်းများ၏ အတွေ့အကြုံများကို ကြိုတင်ရယူနိုင်ရန် လက်ထောက်နည်းပညာမှူ းများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို (၁၅-၈-၂၀၁၉) ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားသည်။အဆိုပါဖိုရမ်အား (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် (၂၆)မြို့နယ်မှ လက်ထောက်နည်းပညာမှူးများ(၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။