တတိယအကြိမ် လူထုစည်းရုံးရေးမှူးများဖိုရမ် ဖွင့်ပွဲကျင်းပ

နေပြည်တော် သြဂုတ် ၈ ရက်



စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးတွင်ထည့်သွင်းတင်ပြနိုင်ရေးအတွက် မြို့နယ်အဆင့်ဝန်ထမ်းများ၏ အတွေ့အကြုံများကို ကြိုတင်ရယူနိုင်ရန်အတွက် လူထုစည်းရုံးရေးမှူးများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို(၈-၈-၂၀၁၉)ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားသည်။အဆိုပါဖိုရမ်အား (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ လူထုစည်းရုံးရေးမှူးများ(၂၁၃)ဦးတက်ရောက်ကြပါသည်