မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

 

မင်းတုန်း ဇူလိုင်     ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ရက်နေ့ နံနက် ၉ နာရီအချိန်က မင်းတုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မင်းတုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ညိုညိုဝင်း တို့က အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များမှ အုပ်စုခုနစ်အုပ်စုဖွဲ့ကာ စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားသားချက် အားနည်းချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တိုင်းဒေသကြီး စီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပါသည်။

ထို့နောက် မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုအရှိဆုံးဖြစ်သော ကျေးရွာအုပ်စုအဆင့်နှင့် ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးပါသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ(၁၈၀)ရွာမှ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။    စိုးမိုးကျော် 09256087268