မြောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သောသုံးသပ်ခြင်းအစည်းအဝေးကျင်းပ

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သောသုံးသပ်ခြင်းအစည်းအဝေးကို(28-5-2019)ရက်နေ့တွင်မြောင်မြို့နယ်ဝင်းသိင်္ဂံခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးဦးမြင့်ကြည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြတ်မွန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှညွှန်ကြားရေးမှုးဦးကျော်စွာအောင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှုးဦးဝင်းကျော်မျိုး မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ ဦးတင်ထွန်းအောင် ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ အရပ်ဘက်အဖွဲ့အစည်းများ NGO/INGO များ စီမံကိန်းဝန်ထမ်းများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ ရွာခွဲတာဝန်ခံများနှင့် စီ/ထောက်ကော်မတီဝင်များအသီးသီးတက်ရောက်ခဲ့ကြပါသည်။