စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

၁၉ရက် မတ်လ ၂၀၁၉

လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ (၁၉.၃.၂၀၁၉) အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်မှ အဖွင့် အမှာစကား ပြောကြားပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျောစွာအောင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး ကနီမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း တို့မှ အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဌာနဆိုင်ရာများ ခရိုင်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး အဖွဲ့အစည်းများ INGOs NGOs CSO များ မြို့နယ် ဌာနဆိုင်ရာများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာ စီမံကိန်း ကော်မတီဝင်များ စုစုပေါင်း (၄၅၀) ကျော် တက်ရောက် ခဲ့ပါသည်။

ထို့နောက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ဦးစီးမှူးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို တင်ပြဆွေးနွေးခဲ့ပါသည်။