ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၁၄ မေလ ၂၀၁၉

သံပုရာအုပ်စု၊ မရီးကလကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားနှင့် လူထုစစ်ဆေးပွဲ အခမ်းအနားကို (၁၄.၅.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ကျေးရွာရပ်မိရပ်ဖ ဦးမောင်ငွေသောင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ အဖွင့် အမှာစကားပြောကြားပြီး ကျေးရွာလူငယ်များမှ ကရင်ရိုးရာ ဒုံးအကများဖြင့် ကပြခဲ့ပါသည်။

          အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းသည် အလျား (၂၀၃၀)ပေ၊ အနံ (၁၀) ပေ၊ အမြင့် (၆)လက်မရှည်လျားပြီး လူထုဗဟိုပြုစီမံကိန်းရံပုံငွေ (၂၀၅၀၀၀၀၀)ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည်။

          ကွန်ကရစ်လမ်းဖောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုမှ သွားလာရေးအဆင်ပြေခြင်း၊ ကျန်းမာရေးအတွက် လျှင်မြန်စွာ ဆေးကုသနိုင်ခြင်း၊ သက်ကြီးများ၊ မသန်မစွမ်းများ၊ ကလေးများအတွက် ဘာသာရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

          အခမ်းအနားသို့ ကျေးရွာလူထု (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ပါသည်။