ပြည်နယ်တာဝန်ရှိသူများမှ ကော့ကရိတ်မြို့နယ် လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် လုပ်ဆောင်ခဲ့သည့် ရေကျော်ကြီးအုပ်စု လှိုင်ဝကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းနှင့် ရေပူကြီးအုပ်စု ညီညာသာလင်းကျေးရွာ ဘက်စုံသုံး ခန်းမဆောင်တို့အား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဉီးစတင့်ဝေမှ   ၂၇ ဇွန်လ ၂၀၂၀ ရက်နေ့ နေ့လည် ပိုင်း အချိန်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းဆောင်ရွက်နေစဉ်တွင် သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များ၊ တာဝန်ကျ ကွင်းဆင်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲအပေါ် လည်ပတ်ထိန်းသိမ်းရေးအစီအစဉ်များ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ၊ လုပ်ငန်းခွဲ၏ သက်မှတ်ထားသော စံသက်မှတ်ချက်များနှင့်အညီ ဆောင်ရွက်၍ လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားစေခြင်း၊ လာမည့်နှစ် စီမံကိန်းလုပ်ငန်းများအတွက် ကျေးရွာအနေဖြင့် အမှန်တကယ် လိုအပ်ချက်ရှိသော လုပ်ငန်းများကိုသာ ဦးစားပေးရွေးချယ်လုပ်ဆောင်စေရန် အကြံပြုဆွေးနွေးခဲ့ပါသည်။