မော်တော်ကားလမ်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မတူပီမြို့နယ်၊ စောင်ထီယားကျေးရွာအုပ်စု၊ စောင်ထီယားကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)ဖြင့် မော်တော်ကားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ (၆၈၀၀၀၀၀/)ကျပ်နှင့် လူထုထည့်ဝင်ငွေ (၁၃၅၀၀၀/) ကျပ်၊ စုစုပေါင်းကုန်ကျငွေ(၆၉၃၅၀၀၀/-)ကျပ်တိတိဖြင့် (၁၄.၂.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး (၈.၄.၂၀၁၉)ရက်နေ့တွင် စီမံကိန်းလုပ်ငန်းကို အောင်မြင်စွာ ဆောင် ရွက်ပြီးစီးပြီးခဲ့ပါသဖြင့် မော်တော်ကားလမ်းဖွင့်ပွဲ အခမ်းအနားကို၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၈) ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။

မော်တော်ကားလမ်းဖွင့်ပွဲအခမ်းအနားကို မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်နှင့် မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအာလ်လျန်ထန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမှ သက်ဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအဆင့်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိ/ဖများနှင့် ကျေးရွာ လူထုများတက်ရောက်ခဲ့ကြပါသည်။